ပြင်းထန်တဲ့ နေရောင်ခြည်နဲ့ ကြာရှည်ထိတွေ့ခြင်းက သင့်မျက်လုံးကို ထိခိုက်စေပါတယ်။ နေရောင်ခြည်သည် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပြီး အချိန်ကြာလာသည်နှင့်အမျှ မျက်လုံးကို ပျက်စီးစေနိုင်သည်။ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည်ကို ထိတွေ့မိပါက အတွင်းတိမ်နှင့် မျက်စိကင်ဆာများအထိ ဖြစ်ပွားစေနိုင်သည်။
အပူဒဏ်က သင့်မျက်လုံးကို ပုံစံအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုနဲ့ ဆက်စပ်နေတဲ့ အဖြစ်များတဲ့ မျက်စိပြဿနာ အချို့ကို ဖော်ပြလိုက်ပါတယ်။
– မြင့်မားသောအပူချိန်သည် မျက်လုံး၏မျက်ရည်ကြည်များကို လျင်မြန်စွာအငွေ့ပျံစေကာ မျက်လုံးခြောက်ခြင်းလက္ခဏာများကို ဖြစ်စေသည်။
– မျက်စိတွင် နီမြန်းခြင်း၊ ယားယံခြင်း၊ ပူလောင်ခြင်း နှင့် အလွန်အကျွံ ကိုက်ခဲခြင်းများ လည်းဖြစ်ပေါ်နိုင်ပါတယ်။
– မြင့်မားသောအပူချိန်နှင့် လေထုထဲတွင် ယားယံစေသည့် အဆိပ်အတောက်များနှင့် ပေါင်းစပ်ခြင်းသည် မျက်စိဓာတ်မတည့်မှုဖြစ်နိုင်ခြေကို တိုးပွားစေပါတယ်။
“ပူပြင်းတဲ့ရာသီဥတုမှာ သင့်မျက်လုံးကို ကာကွယ်ဖို့ သတိထားဖို့ မမေ့ပါနဲ့။အထူးသဖြင့် ခရမ်းလွန်ရောင်ခြည်ကို အချိန်ကြာလာသည်နှင့်အမျှ ထိတွေ့မိပါက အတွင်းတိမ်နှင့် မျက်စိကင်ဆာများအထိ ဖြစ်ပွားစေနိုင်သည်။”
ပူပြင်းတဲ့ရာသီဥတုမှာ သင့်မျက်လုံးကို ကာကွယ်ဖို့ သတိထားဖို့ မမေ့ပါနဲ့။
နေရောင်ခြည်ဒဏ်မှ သင့်မျက်လုံးကို ကာကွယ်ရန်အတွက် အပြင်ထွက်သည့်အခါတိုင်း အထူးသဖြင့် နေရောင်ခြည်ပြင်းသည့်အချိန်များတွင် UVA နှင့် UVB ရောင်ခြည်နှစ်မျိုးလုံးကို ပိတ်ဆို့နိုင်သော နေကာမျက်မှန်များ ဝတ်ဆင်ရန် အရေးကြီးပါသည်။ ထို့အပြင် လျှာထိုးဦးထုပ်ကို ၀တ်ဆင်ထားခြင်းဖြင့် မျက်လုံးကို နေရောင်တိုက်ရိုက်မထိအောင် အရိပ်ပေးခြင်းဖြင့် ပိုကာကွယ်ပေးနိုင်ပါသည်။