ဝိတ်ချနေပါလျက် ဘာကြောင့်ဝိတ်မကျတာလဲ ?

ကိုယ်တိုင်ကြိုးကြိုးစားစား မလုပ်ပဲနဲ့တော့ ဝိတ်ကျလာမှာမဟုတ်ပါဘူး။ သင့်အစားအသောက်နဲ့ နေထိုင်မှုပုံစံကို
ပြင်ဆင်ပါယုံပါပဲ။

၁။ နေ့စဉ် မနက်စာကို မစားပဲနေခြင်း။
မနက်ဘက်မှာ မနက်စာကို မှန်ကန်သင့်လျော်စွာ စားထားဖို့ လိုအပ်ပါတယ်။အိပ်ရာထပြီးတစ်နာရီ အတွင်း အစာ စားသင့်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး ပရိုတင်းဓာတ်ပါသော နံနက်စာသည် သင့်အား အဟာရ ပြည့်ဝစေအောင် ကူညီပေးနိုင်ပါတယ်။။ သစ်သီး၊ပေါင်မုန့် ဒါမှမဟုတ် ငှက်ပျောသီးနဲ့
ဒိန်ချဉ်တို့နှင့် တွဲစားနိုင်သည်။

၂။ အစာစားချိန် နှင့် အိပ်ချိန်တို့ နီးကပ်ခြင်း။
ညပိုင်း အစားစားခြင်းသည် ဝိတ်ချခြင်း တွက် အကြီးဆုံးအန္တရာယ်ဖြစ်သည်။ ညစာသည် ခန္ဓာကိုယ်အပူချိန်၊ သွေးတွင်းသကြားဓာတ်နှင့် အင်ဆူလင်းတို့ကို မြှင့်တင်နိုင်ပြီး အဆီလောင်ကျွမ်းရန် ခက်ခဲစေသည်။ ညစာကို မအိပ်မှီ အနည်းဆုံး ၃ နာရီ ခွာစားသင့်ပါသည်။ ညစာစားပြီးလျင် မုန့်စားခြင်းကို ရှောင်ပေးပါ။ ညပိုင်း တီဗီကြည့်နေစဉ် သို့မဟုတ် ကွန်ပျူတာသုံးနေစဉ် မုန့်စားခြင်းကို သတိထားသင့်သည်။ ထိုသို့ပြုလုပ်ခြင်းက သင်ထင်ထားသည်ထက် ကယ်လိုရီပိုတက်သည်။ ရေခဲမုန့် သို့မဟုတ် အာလူးကြော်များသည် ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များဖြစ်ပြီး ဝိတ်ချခြင်းကို အနှောင့်အယှက်ဖြစ်စေသည်။

၃။ စိတ်ဖိစီးလွန်းခြင်း။
စိတ်ဖိစီးမှုဖြစ် နေချိန်မှာ သင့်ခန္ဓာကိုယ်မှထွက်လာသော အဆီပိုတွေကို စုဆောင်းထားတတ်သည်။ စိတ်ဖိစီးမှုလျှော့ချရန် လေ့ကျင့်ခန်း သို့မဟုတ် တရားထိုင်ပါ ။

၄။ ကျား/မ ပေါ်မူတည်ခြင်း။
ကျား/မ ကွဲပြားခြင်းသည် ဝိတ်ချရာတွင် ခြားနားချက် ဖြစ်စေနိုင်ပါတယ်။ မကြာသေးမီက လေ့လာမှုတစ်ခုအရ အမျိုးသားများသည် ပေါင်အဆီများကို လွယ်ကူလျင်မြန်စွာ ကျစေသည်။ သို့သော် အမျိုးသမီးများသည် ရေရှည်ကြိုးစားမှပါက ပေါင်အဆီကျနိုင်သည်။ ကိုယ်အလေးချိန်ကျတဲ့နေရာမှာလည်း ကွဲပြားနိုင်ပါတယ်။ ယောက်ျားတွေက ဗိုက်အဆီချရာတွင် အမျိုးသမီးများထက်ပို၍ခက်ခဲတာကိုတွေ့ရသည်။

၅။ တခြား သူတွေထက် ကယ်လိုရီ လောင်းကျွမ်းရာတွင် ခက်ခဲခြင်း။
ကယ်လိုရီ တို့ကို လျင်မြန်စွာ လောင်ကျွမ်းခြင်းသည် သင့်ခန္ဓာကိုယ်ကိုရှိ metabolism တုံ့ပြန်မှုများအပေါ်တွင်လည်းမူတည်သည်။ metabolism တုံ့ပြန်မှုနှေးကွေးခြင်း လျင်မြန်ခြင်းများသည် သင့်မျိုးရိုးဗီဇ နှင့်လည်းသက်ဆိုင်သည်။ အသက်ကြီးလာသည်နှင့်အမျှ metabolism များသည် ဆယ်စုနှစ်တိုင်း ဆယ်စုနှစ်တိုင်းတွင် 2% မှ 8% ခန့် နှေးကွေးလာလေ့ရှိသည်။

၆။ အစားနည်းခြင်း။
ထူးဆန်းတယ်လို့ထင်ရပေမယ့် အမှန်တကယ်က ကယ်လိုရီနည်းလွန်းတဲ့ အစားအစာတွေကို စားသုံးနေခြင်းက ကယ်လိုရီတွေကို လောင်ကျွမ်းရာတွင်ပို၍ နှေးကွေးစေပါတယ်။

“ပြည့်ပြည့်ဝဝ မအိပ်ခြင်း က ကိုယ်အလေးချိန်ကျဖို့ အခက်တွေ့စေနိုင်ပါတယ်။ အိပ်ချိန် မလုံလောက်မှုက metabolism တုံ့ပြန်မှုပါနှေးကွေးသွားစေနိုင်ပြီး တဆက်ထဲ ကယ်လိုရီများကို လောင်ကျွမ်းမှုများပါ နှေးကွေးသွားစေနိုင်ပါတယ်။”

 

၇။ အိပ်ချိန် မပြည့်ဝ ခြင်း။
ပြည့်ပြည့်ဝဝ မအိပ်ခြင်း က ကိုယ်အလေးချိန်ကျဖို့ အခက်တွေ့စေနိုင်ပါတယ်။ အိပ်ချိန် မလုံလောက်မှုက metabolism တုံ့ပြန်မှုပါနှေးကွေးသွားစေနိုင်ပြီး တဆက်ထဲ ကယ်လိုရီများကို လောင်ကျွမ်းမှုများပါ နှေးကွေးသွားစေနိုင်ပါတယ်။ အိပ်ချိန်မလုံလောက်တဲ့အတွက် ကိုယ်ခံစွမ်းအား လျော့နည်းပြီး ပင်ပန်းနွမ်းနယ် သွားနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့အခါ အသီးအနှံတွေထက် ချိုသော မုန့်များနှင့် ကျန်းမာရေးအတွက် မညီညွတ်သော အစားအစာများရွေးချယ်ကြတယ်။ မကြာသေးမီက လေ့လာမှုတစ်ခုတွင် အိပ်ရေးမဝသောသူများသည် ပြည့်ပြည့်ဝဝအနားယူသူများထက် တစ်နေ့လျှင် ကယ်လိုရီ ၃၀၀ ခန့် ပိုစားကြောင်း တွေ့ရသည်။

၈။ အမျိုးရိုးဗီဇ နဲ့သက်ဆိုင်ခြင်း။
အချို့သော ခန္ဓာကိုယ်များသည် အခြားသူများထက် အဆီလောင်ကျွမ်းမှု ပိုကောင်းပါသည်။ သင့်မိဘ သို့မဟုတ်အဘိုးအဘွားများထံမှ အမွေဆက်ခံရသော အရာဖြစ်သည်။

အချို့သောဆေးဝါးများသည်လည်း ဝိတ်ချခြင်းကို အဟန့်အတားဖြစ်စေသည်။

ဥပမာ အချို့မှာ

– ဓာတ်မတည့်ခြင်း အတွက် သောက်ရသော အချို့သော ဆေးဝါးများ
– သန္ဓေတားဆေးများ
– စိတ်ဓာတ်ကျခြင်း အတွက် သောက်ရသော အချို့သော ဆေးဝါးများ
– ဆီးချိုရောဂါ
အတွက် သောက်ရသော အချို့သော ဆေးဝါးများ
– ဝက်ရူးပြန်ရောဂါ အတွက် သောက်ရသော အချို့သော ဆေးဝါးများ
– စိတ်ကစင့်ကလျားရောဂါ အတွက် သောက်ရသော အချို့သော ဆေးဝါးများဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *

Main Menu