မိမိကိုယ်ကို သတ်သေဖို့ စဉ်းစားနေလား

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ လူပေါင်း ၇၀၀၀၀၀ ကျော်လောက်ဟာ နှစ်စဉ်နှစ်တိုင်း မိမိကိုယ်ကို သတ်သေကြပါသတဲ့။ ၂၀၁၉ ခုနှစ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် စက္ကန့် ၄၀ တိုင်းမှာ လူ ၁ ယောက်နှုန်းနဲ့ မိမိကိုယ်မိမိ သတ်သေကြပါတယ်။

ဘယ်လို အကြောင်းအရာ အခြေအနေတွေဟာ သူတွေကို မိမိကိုယ်မိမိ သတ်သေချင်သူတွေ ဖြစ်လာစေသလည်း။ လူတွေဟာ မိမိကိုယ်ကို သေကြောင်းကြံဖို့ကို ဖြစ်ပေါ်စေတဲ့ အောက်ပါအချက်တွေကို သတိထားကြဖို့လိုပါတယ်။

၁။ စိတ်ကျ/စိတ်ကြွရောဂါ၊ စိုးရိမ်စိတ်များတာနဲ့ စိတ်ကျန်းမာရေး ပြဿနာ ကြီးကြီးမားမားရှိခြင်း။
၂။ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်း။
၃။ အလွန်းအမင်းချစ်ရသူကို ရုတ်တရက် ဆုံးရှုံးရခြင်း။
၄။ ကြီးမားသော ဘဝအပြောင်းအလဲများနှင့် တုန်လှုပ်ဖွယ်ကောင်းတဲ့ ကိစ္စရပ်များကို ကြုံတွေ့ရခြင်းများ။
၅။ သီးမခံခြင်တော့သော နာတာရှည်ရောဂါများကို ခံစားရခြင်း။
၆။ ဘဝမျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အကူညီမဲ့သူဟု ခံစားရခြင်း။
၇။ လူမှုရေး အထီးကျန်ခြင်းနှင့် မိတ်ဆွေသူငယ်ချင်းများ၏ပူးပေါင်းပံပိုးကူညီမှုမရဟု ခံစားရခြင်း။
၈။ ငွေကြေးအခက်အခဲများ နှင့် အလုပ်နှင့်ပတ်သက်သော စိတ်ဖိစီးမှုများရှိခြင်း။

“အသက်ရှင်ခွင်ရတဲ့နေ့ရက်တိုင်းဟာ  ကိုယ့်ဆီက ကိုယ်ထပ်ရတဲ့အခွင့်ရေးတစ်ရပ်ကို လေးစားသောအနေဖြင့် မိမိကိုယ်ကို သတ်သေခြင်း option လုံးဝ မရွေးချယ်ဖို့ တိုက်တွန်းအပ်ပါတယ်


စတဲ့အချက်များဖြစ်ပါတယ်။ သေကြောင်းကြံ​ တာကို အများဆုံးဖြစ်စေတဲ့ ပြဿနာက စိတ်ဓာတ်ကျတာပါပဲ။ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဓာတ်ကျတဲ့ အခြေအနေတွေကို ကြုံတွေ့နေရင် ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပါ။ ဘယ်လူသားဘဝ ဖြစ်တည်မှုမှ အမြဲတမ်း လွယ်ကူအဆင်ပြေနေတယ်ဆိုတာ မရှိပါဘူး။ လူတိုင်းလူတိုင်းဟာ ကြုံလာတဲ့ ကိစ္စတွေတိုင်းမှာ ဟိုကွေ့ ဟိုတက်နဲ့လှော်၊ ဒီကွေ့ ဒီတက်နဲ့လှော်၊ အဆင်ပြေသလို ဘဝကို ရုန်းကန် ကူးခတ်နေကြသူတွေချည်းပါပဲ။ ဒါ့အပြင် ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို လူမျိုးတွေကို သတိပြုမိခဲ့ရင်လည်း ဖျောင့်ဖြကူညီအားပေးပြီး ကယ်တင်ပေးဖို့ လိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Main Menu